スキルアップしたい外国人のための
日本語無料学習のオンラインサイト

၀န်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များ

ဤဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များ (အောက်ပါ 「ဖော်ပြပါစည်းကမ်းချက်များ」ဟုခေါ်တွင်မည်။) သည် 「JAPAREC 」(အောက်ပါ ဖော်ပြပါ System ဟု ခေါ်တွင်မည်။) ဟုခေါ်သော ARMS ရှယ်ယာ ကုမ္ပဏီ (အောက်ပါ 「ကျွန်ုပ်တို့ ကုမ္ပဏီ」ဟုခေါ်တွင်မည်။) မှစီမံခန့်ခွဲလျက်ရှိသော Website ဖြစ်ပြီး အင်တာနက်မှတဆင့် အလုပ်အကြော်ငြာပေးခြင်းနှင့်ပတ်သက်သောဝန်ဆောင်မှု၊ သင်ထောက်ကူပြု ဝန်ဆောင်မှုများ အပြင် အလုပ်ကြော်ငြာ၊ ဝန်ထမ်းမိတ်ဆက်ပေးခြင်း စသော ဘက်စုံဝန်ဆောင်မှုပေးခြင်းနှင့်အတူ ပူးတွဲပါရှိသော ဝန်ဆောင်မှုများ (အောက်ပါ ဖော်ပြပါဝန်ဆောင်မှုများ ဟုခေါ်တွင်မည်။) ၏ ဝန်ဆောင်မှုဆိုင်ရာသတ်မှတ်ချက်များ ကို ဆုံးဖြတ်ပေးသော အရာဖြစ်သည်။ အသုံးပြုသူ ဆိုသည်မှာ ဖော်ပြပါဝန်ဆောင်မှုများကို အသုံးပြုသူများကို ခေါ်တွင်မည်။

  • အပိုဒ် ၁ လျှောက်လွှာ

    ဤစည်းကမ်းချက်များသည် အသုံးပြုသူ နှင့် ကျွန်ုပ်တို့ ကုမ္ပဏီကြားရှိ ဝန်ဆောင်မှု အသုံးပြုမှုဆိုင်ရာ ပတ်သက်ဆက်နွယ်မှုအားလုံးနှင့် သက်ဆိုင်သော အရာအဖြစ် သတ်မှတ်မည်။

  • အပိုဒ် ၂ ဝန်ဆောင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်

    • (၁)။ အလုပ်ကြော်ငြာပေးခြင်းနှင့်ပတ်သက်သောဝန်ဆောင်မှု

      အသုံးပြုသူသည် ဤဝန်ဆောင်မှုမှတဆင့် အလုပ်အကြောင်းအရာများကို တင်ခြင်းနှင့် ကြည့်ရှုခြင်း သို့မဟုတ် အလုပ်လျောက်ထားနိုင်သော ဝန်ဆောင်မှု နှင့် ဤWebsite သို့ပူးတွဲပါ e-mail ပေးပို့ခြင်း၊ အချက်အလက်ဖြည့်စွက်ခြင်း၊ အခြားသော အလုပ်နှင့်သက်ဆိုင်သော သတင်းများ တင်ပြခြင်းနှင့် ပတ်သက်သော ဝန်ဆောင်မှုများ။

    • (၂)။ အလုပ်ရှာဖွေခြင်း၊ အလုပ်ပြောင်းခြင်း နှင့်ပတ်သက်သော ဝန်ဆောင်မှု

      အလုပ်အကိုင်အချက်အလက်များထဲမှ အသုံးပြုသူနှင့် ကိုက်ညီမှုရှိသည်ဟု ယူဆရသော အလုပ်အား အသုံးပြုသူထံမိတ်ဆက်ပေးခြင်းဝန်ဆောင်မှု (ပူးတွဲပါ e-mail ပေးပို. ခြင်း၊ အချက်အလက်ဖြည့်စွက်ခြင်း များပါဝင်)။

    • (၃)။ သင်ထောက်ကူပြု ဝန်ဆောင်မှု (E-Learning)

      အသုံးပြုသူမှ ဂျပန်စာသင်ယူနိုင်ခြင်း သို့မဟုတ် သင်ယူနိုင်သောအနေအထားကို ဆန်းစစ်လေ့လာခြင်း ဝန်ဆောင်မှု (အသုံးပြုသူသည် E-Learning ကို အလုပ်အကိုင်ရှာဖွေနေစဉ်ကာလ၊ ဝန်ထမ်းစုဆောင်းကာလများ တွင်သာမက အသုံးပြုနိုင်ခြင်း။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်ရေးဥပဒေ (Heisei 15 ခုနှစ် ဥပဒေအခန်းအမှတ် 57)၊ အခြားဥပဒေများ နှင့် ကျွန်ုပ်တို့ ကုမ္ပဏီမှချမှတ်ထားသော ဥပဒေများနှင့်အညီ ထိန်းသိမ်းထားသည့်အပြင် အချက်အလက်များတင်ပြထားခြင်းမရှိသည့် အခြေအနေတွင်လည်း E-Learning သင်ကြားရေး အချက်အလက်များကို ထိန်းသိမ်းပေးခြင်း။)

    • (၄)။ အလုပ်ကြော်ငြာ၊ ဝန်ထမ်းမိတ်ဆက်၊ သင်ကြားရေး အားလုံးအတွက် ပူးတွဲဝန်ဆောင်မှု

      ကျွန်ုပ်တို့ ကုမ္ပဏီမှ ဆောင်ရွက်ပေးသော ကြော်ငြာခအခမဲ့၊ လုပ်ငန်းပြီးမြောက်ချိန်မှသာအခကြေးငွေပေးချေရသော ဝန်ဆောင်မှု။

  • အပိုဒ် ၃ အသုံးပြုသူ၏တာဝန်

    • (၁) အသုံးပြုသူသည် ဖော်ပြပါစည်းကမ်းချက်များအား သဘောတူညီပြီး မိမိကိုယ်တိုင်တာဝန်ယူ၍ ဖော်ပြပါဝန်ဆောင်မှုကို အသုံးပြုရမည်ဖြစ်ပြီး ဤဝန်ဆောင်မှုနှင့်ပတ်သက်၍ တာဝန်ရှိသည်ဟု သတ်မှတ်မည်ဖြစ်သည်။

    • (၂)အသုံးပြုသူသည် ဖော်ပြပါဝန်ဆောင်မှုကို အသုံးပြုရန်အတွက် တင်ပြရသော သို့မဟုတ် ဖြည့်သွင်းရသော အချက်အလက်များအား မှန်ကန်သောအချက်အလက်သာ ဖြည့်သွင်းရမည်ဖြစ်သည်။ အသုံးပြုသူဖြည့်သွင်းသော အချက်အလက်မှားယွင်း၍ ထိုအကြောင်းအရင်းကြောင့် အလုပ်ခေါ်သူ၊ အခြားသော Third Party များအကြား အငြင်းပွားဖွယ်ရာများ ဖြစ်ပွားပါက အသုံးပြုသူမှ ထိုပြသနာအား တာဝန်ယူကာ ဖြေရှင်းပေးရမည်ဖြစ်ပြီး ကျွန်ုပ်တို့ ကုမ္ပဏီအား အနှောင့်အယှုက် မပြုမိစေရပါ။ ကျွန်ုပ်တို့ ကုမ္ပဏီသည် ထိုကိစ္စနှင့်ပတ်သက်၍ တာဝန်ယူလိမ့်မည်မဟုတ်ပါ။ ထို့ပြင် နှုတ်ဖြင့် အချက်အလက်ဖြည့်စွက်ခြင်း (ကိုယ်စားဖြည့်ပေးခြင်း) များကို ပြုလုပ်သော အခါတွင်လည်း အထက်ပါအတိုင်း သတ်မှတ်မည် ဖြစ်သည်။

  • အပိုဒ် ၄ User ID နှင့် Password ကိုထိန်းသိမ်းရန်

    • (၁)User ID နှင့်ပတ်သက်၍ မိမိကိုယ်တိုင်တာဝန်ယူကာ ဖော်ပြပါဝန်ဆောင်မှု၏ User ID နှင့် Password ကို သေချာစွာထိန်းသိမ်းရမည်။

    • (၂)အသုံးပြုသူသည် မည်သည့်အကြောင်းကိစ္စနှင့်မှ User ID နှင့် Password ကို အခြားသူအားပေးအပ်ခြင်း ငှားသုံးခြင်း တနည်းအားဖြင့် အခြားသူနှင့်အတူအသုံးပြုခြင်းမပြုလုပ်ရ။ User ID နှင့် Password ကိုပူးတွဲ၍ မှတ်ပုံတင် အချက်အလက်အဖြစ် တစ်ကြိမ် Log in ဝင်ရောက်ပြီးသည်နှင့် ထို User ID နှင့်မှတ်ပုံတင်ထားသော အသုံးပြုသူသာ အသုံးပြုရန် ကျွန်ုပ်တို့ ကုမ္ပဏီမှ သတ်မှတ်ထားသည်။

    • (၃) User ID နှင့် Password ကို အခြားသူမှ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုကို ကျွန်ုပ်တို့ ကုမ္ပဏီအား တမင်ရည်ရွယ်၍ပျက်စီးစေခြင်းနှင့် ကြီးမားသောပျက်စီးမှုရှိခြင်းတို့မှအပ ကျွန်ုပ်တို့ ကုမ္ပဏီအနေဖြင့် တာဝန်ယူမည် မဟုတ်ပါ။

  • အပိုဒ် ၅ ဖော်ပြပါ System နှင် ဝန်ဆောင်မှု ၏ ပြောင်းလဲခြင်း

    ကျွန်ုပ်တို့ ကုမ္ပဏီသည် ကြိုတင်အသိပေးခြင်းမရှိဘဲ ဤ System နှင့် ဝန်ဆောင်မှုကို ပြောင်းလဲခြင်း သို့မဟုတ် ခေတ္တရပ်နားခြင်း တို့ကို ပြုလုပ်ခြင်းများ ရှိမည်ဖြစ်သော်လည်း အသုံးပြုသူအနေဖြင့် ကန့်ကွက်ခွင့်မရှိပါ။ အသုံးပြုသူသည် အသုံးပြုချိန်တိုင်းတွင် Update အဖြစ်ဆုံးကို အသုံးပြုရန်လိုသည်။

  • အပိုဒ် ၆ မှတ်ပုံတင်ခြင်း သို့မဟုတ် တင်သွင်းထားသည်များကို ပယ်ဖျက်ခြင်း

    • (၁) မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသုံးပြုသူ၏ အချက်အလက်များသည် သေချာတိကျ၍ မှန်ကန်သော အကြောင်းအရာကိုသာ ဖြည့်သွင်းပါ။ ကျွန်ုပ်တို့ ကုမ္ပဏီအနေဖြင့် မှားယွင်းသော အကြောင်းအရာများ ကျင့်ဝတ်သိက္ခာနှင့်ဆန့်ကျင်သော အကြောင်းအရာများကို ဖြည့်သွင်းထားပါက System မှ သက်ဆိုင်ရာ အချက်အလက်များကို ပယ်ဖျက်၍ နောက်တစ်ကြိမ် မှတ်ပုံတင်ခွင့်ကို ရုတ်သိမ်းခွင့်မည်ဖြစ်သည်။

    • (၂) အောက်ပါအကြောင်းအရာများနှင့် ကိုက်ညီမှုရှိသော အသုံးပြုသူသည် မှတ်ပုံတင်ခွင့်ရရှိမည် မဟုတ်သဖြင့် ထပ်မံငြင်းပယ်ခြင်းမရှိဘဲ တင်သွင်းခြင်းမပြုနိုင်သော အခြေအနေရှိနိုင်ပါသည်။ ထို့ပြင် တင်သွင်းပြီးနောက်တွင်လည်း အောက်ပါအချက်များနှင့် ကိုက်ညီသည်ဟု ယူဆရသည့်အခြေအနေတွင်လည်း ငြင်းပယ်ခြင်းမရှိ တင်သွင်းမှုကို ပယ်ဖျက်သည့် အခြေအနေလည်း ရှိနိုင်ပါသည်။

      1. ပြည်သူ့ကျင့်ဝတ်နှင့် မကိုက်ညီသော လှုပ်ရှားမှုများကို ပြုလုပ်နေသော လုပ်ငန်း (အဖွဲ့အစည်း)၊ တစ်ဦးချင်း
      2. စီးပွားရေး စိတ်ချ ယုံကြည်ရမှု မရှိသော လုပ်ငန်း (အဖွဲ့အစည်း)၊ တစ်ဦးချင်း
      3. လူမှုအဖွဲ့အစည်းဆိုင်ရာ မလျော်ကန်သော အပြုအမူရှိသည့် လုပ်ငန်း (အဖွဲ့အစည်း)၊ တစ်ဦးချင်း
      4. ဥပဒေနှင့် ငြိစွန်းသည်ဟု ယူဆရသော လုပ်ငန်း (အဖွဲ့အစည်း)၊ တစ်ဦးချင်း
      5. လုပ်ငန်းအကြောင်းအရာ၊ လုပ်ငန်းအခြေအနေ စသည်ဖြင့် လုပ်ငန်းခွင်ဝင်ရန် မိတ်ဆက်ပေးဖို့ မသင့်တော်သည့် လုပ်ငန်း (အဖွဲ့အစည်း)၊ တစ်ဦးချင်း
      6. အခြားသော၊ ကျွန်ုပ်တို့ ကုမ္ပဏီအနေဖြင့် သင့်တော်မှုမရှိဟု ဆုံးဖြတ်သော လုပ်ငန်း (အဖွဲ့အစည်း)၊ တစ်ဦးချင်း
    • (၃) ကျွန်ုပ်တို့ ကုမ္ပဏီသည် အောက်ပါအခြေအနေများတွင် ကြိုတင်အသိပေးခြင်းမရှိဘဲ ဖြည့်သွင်းထားသော အချက်အလက်များကို ပယ်ဖျက်ခြင်းပြုလုပ်မည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ ကုမ္ပဏီမှ ပယ်ဖျက်ခြင်းမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်ရေးဥပဒေ (Heisei 15 ခုနှစ် ဥပဒေအခန်းအမှတ် 57) အပြင် အခြားဥပဒေများနှင့် ကျွန်ုပ်တို့ ကုမ္ပဏီမှ ချမှတ်ထားသော ဥပဒေများနှင့်အညီ စီမံထားသည့်အတိုင်း အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းထားခြင်း ဖြစ်သည်။

      1. အသုံးပြုသူသည် အပိုဒ် ၁၁ ပါ နှုတ်ထွက်ခြင်း စည်းမျဉ်းများအတိုင်း နှုတ်ထွက်သည့်အခါ။
      2. အသုံးပြုသူသည် အချိန်ကာလတခုအထိ ဝန်ဆောင်မှုအသုံးပြုရန် Log in မဝင်သည့်အခါ။
      3. အကြောင်းပြချက်တစ်စုံတရာကြောင့် ဝန်ဆောင်မှု ရပ်နားသည့် အခါ။
      4. ကျွန်ုပ်တို့ ကုမ္ပဏီမှ ဆုံးဖြတ်သည့် အခြားသော အကြောင်းပြချက်များ ရှိသည့်အခါ။
    • (၄)ကျွန်ုပ်တို့ ကုမ္ပဏီသည် ယခင်ဖော်ပြပါအချက်များပေါ် အခြေခံ၍ မှတ်ပုံတင်အချက်အလက်များကို ပယ်ဖျက်ပြီးနောက်တွင်လည်း အသုံးပြုသူထံမှ တင်ပြထားသော ကိုယ်ရေးအချက်အလက်များကိုအခြေခံ၍ မည်သူတစ်ဦးတစ်ယောက်ဖြစ်ကြောင်း သတ်မှတ်နိုင်ခြင်းမရှိသည့် စာရင်းအင်းအချက်အလက်များအဖြစ် ဖန်တီးပြီးနောက် ထိုသတင်းအချက်အလက်များကို ကန့်သတ်ချက်မရှိ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့ပြင် ၎င်းအခြေအနေရှိ မူပိုင်ခွင့်သည် ကျွန်ုပ်တို့ ကုမ္ပဏီမှ ပိုင်ဆိုင်သော အရာဖြစ်သည်။

  • အပိုဒ် ၇ တားမြစ်ချက်များ

    ဖော်ပြပါ Systemသည် အလုပ်ရှာဖွေသူနှင့် လုပ်ငန်း (အဖွဲ့အစည်း)ကို ချိတ်ဆက်ပေးသည့် အလုပ်ရှာဖွေခြင်း၊အလုပ်ပြောင်းခြင်းဆိုင်ရာ ဆောင်ရွက်မှုများတွင် အကူအညီဖြစ်စေရန် ရည်ရွယ်သည်။ နောက်ဆက်တွဲဖော်ပြပါ ဥပမာသာမက ဤ Systemကိုအသုံးပြု၍ အလုပ်ရှာဖွေခြင်း၊အလုပ်ပြောင်းခြင်း၊ဝန်ထမ်းရှာဖွေခြင်း မှအပ အခြားဆောင်ရွက်မှုများကို တားမြစ်ထားသည်။

    1. ဖော်ပြပါ System၏ ခွင့်ပြုချက်မရှိဘဲ အသုံးပြုသူအချင်းချင်း တိုက်ရိုက် အလုပ်ရှာခြင်း၊ အလုပ်ပြောင်းခြင်း၊ ဝန်ထမ်းရှာဖွေခြင်း၊ စီးပွားဖြစ် ဆောင်ရွက်ခြင်းများ။
    2. ကြော်ငြာလိုသော ရည်ရွယ်ချက်ဖြင့် တင်ပြရေးသားခြင်း၊ e-mail, Junk mail, Spam mail, Chain letter ၊အခြားသော အလုပ်ရှာခြင်း၊ အလုပ်ပြောင်းခြင်း၊ ဝန်ထမ်းရှာဖွေခြင်း ကိုရည်ရွယ်သော e-mail များပေးပို့ခြင်း။
    3. အခြားသူ၏ အမည်နာမကို အသုံးချခြင်း၊ အခြားသူ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းများ ပြုလုပ်ခြင်း၊ တရားမဝင်သောအကြောင်းအရာများ နှင့် ၎င်းကိုအားပေးသောအကြောင်းအရာများ၊ Adult content များ၊ အခြားသူများအား စိတ်အနှောင့်အယှက်ဖြစ်စေသော အကြောင်းအရာများကို ရေးတင်ခြင်း သို့မဟုတ် တင်ရန်ကြိုးစားခြင်း။
    4. ဖော်ပြပါ Systemတွင် ဖော်ပြထားသော အချက်အလက်များကို စီးပွားဖြစ်၊ တရားမဝင် သော ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်း။
    5. ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်း။
    6. အခြားလူ၏ ID၊ Passwordကို ဖတ်ရှုရန်ကြိုးစားခြင်း၊ ဖော်ပြပါ System၏ လုံခြုံရေးစနစ်ကို ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးပမ်းခြင်း။
    7. အချက်အလက်အတုများ ထည့်သွင်းခြင်း။
    8. အလုပ်ခန့်အပ်ခြင်း၏ အချက်အလက်အမှန်များကို ဖုံးကွယ်ထားခြင်း၊ စာရင်းဝင်ကုမ္ပဏီ၏ မမှန်မကန်လုပ်မှုတွင် ပူးပေါင်းပါဝင်ခြင်း။
    9. ဆက်လက်အလုပ်လုပ်လိုသည့် ရည်ရွယ်ချက်မရှိဘဲ အလုပ်ဝင်ခွင့် ဂုဏ်ပြုငွေကို လျောက်ထားခြင်း။
    10. လူဆိုးအဖွဲ့အစည်းကဲ့သို့သော လူမှုအသိုင်းအဝိုင်းအားဆန့်ကျင်သောအဖွဲ့ဝင်ဖြစ်ခြင်းကို ဖုံးကွယ်၍ ဖော်ပြပါဝန်ဆောင်မှုများကိုအသုံးပြုခြင်း။
    11. ကျွန်ုပ်တို့ ကုမ္ပဏီ၊ အခြားသော အသုံးပြုသူ၊ ဝန်ထမ်းရှာဖွေသောလုပ်ငန်းများ နှင့် Third Partyတို့အား အသရေဖျက်စေသော အကြောင်းအရာများအား အင်တာနက်မှတဆင့် SNS တို့ဖြင့် ရေးသားခြင်း။
    12. သာမာန်ဆင်ခြင်ဉာဏ်မှ သွေဖယ်သော ကိစ္စရပ်များအား လုပ်ဆောင်ခြင်း။
    13. ကျွန်ုပ်တို့ ကုမ္ပဏီ၊ အခြားသော အသုံးပြုသူ၊ ဝန်ထမ်းရှာဖွေသောလုပ်ငန်းများ နှင့် Third Partyတို့၏ ဥပဒေရေဒရာကိစ္စရပ်များအား ချိုးဖောက်ခြင်း။
    14. ထို့ပြင် ကျွန်ုပ်တို့ ကုမ္ပဏီမှ မသင့်တော်ဟု သတ်မှတ်ထားသောသည်များကို ပြုလုပ်ခြင်း
  • အပိုဒ် ၈ ပျက်စီးဆုံးရှုံးမှုဆိုင်ရာ လျော်ကြေး

    • (၁) အသုံးပြုသူမှ ဖော်ပြပါစည်းကမ်းချက်များ၏ တားမြစ်ချက်များအား ချိုးဖောက်ပြီး ကျွန်ုပ်တို့ ကုမ္ပဏီ သို့မဟုတ် Third Partyအား ဆုံးရှုံးမှုတစုံတရာ ဖြစ်ပေါ်စေပါက အသုံးပြုသူသည် ကျွန်ုပ်တို့ ကုမ္ပဏီ သို့မဟုတ် Third Partyအား ပျက်စီးဆုံးရှုံးမှုဆိုင်ရာ လျော်ကြေးကို ပေးဆောင်ရမည်။

    • (၂) အလုပ်ခန့်အပ်ခြင်း၏ အချက်အလက်အမှန်များကို ဖုံးကွယ်ထားခြင်း၊ စာရင်းဝင်ကုမ္ပဏီ၏ မမှန်မကန်လုပ်မှုတွင် ပူးပေါင်းပါဝင်ခြင်းသည်လည်း ပျက်စီးဆုံးရှုံးမှုဆိုင်ရာ လျော်ကြေးပေးဆောင်မှုတွင် အကျုံးဝင်သည်။ သို့သော် ဝန်ထမ်းခန့်အပ်သောလုပ်ငန်းမှ အလုပ်လျှောက်ထားသူအား မမှန်မကန်ပြုမူခြင်း (အလုပ်ခန့်အပ်ခြင်း၏ အချက်အလက်အမှန်များကို ဖုံးကွယ်ထားခြင်း၊ မမှန်မကန်ပြုမူခြင်း) တွင် ပူးပေါင်းပါဝင်ရန် တောင်းဆိုလာသောအခြေအနေမျိုးတွင်မူ အလုပ်လျှောက်ထားသူဖြစ်သော အသုံးပြုသူမှ ဝန်ထမ်းခန့်အပ်သောလုပ်ငန်း၏ မသမာမှုကို ဖော်ထုတ်ပြောဆိုခြင်း ပြုလုပ်သောအခါတွင်သာ ၎င်းအလုပ်ရှာဖွေသောအသုံးပြုသူမှ လျော်ကြေးအတွက် တာဝန်ယူရန်မလိုပါ။

  • အပိုဒ် ၉ ငြင်းဆိုမှု

    • (၁)ဤSystemနှင့်ပတ်သက်သော အင်တာနက်စာမျက်နှာများ၊ သက်ဆိုင်ရာ အီလက်ထရောနစ်မေးလ်များမှအပ အသုံးပြုလျက်ရှိသော မည်သည့်မီဒီယာတွင်မဆို ပါရှိသော အလုပ်အကိုင် သတင်းအချက်အလက်၊ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်၊ လုပ်ငန်း (အဖွဲ့အစည်း) သတင်းအချက်အလက်၊ လိုချင်သော အချက်အလက်၊ Data၊ ပုံ၊ Link၊ သတင်းအချက်အလက်အားလုံးနှင့် ပတ်သက်သော တိကျမှန်ကန်မှုကို အာမ မခံပါ။

    • (၂) ဤSystemသည် ဤSystemကို အသုံးပြုခဲ့ဖူးခြင်း သို့မဟုတ် အသုံးမပြုနိုင်ခဲ့ခြင်း၊ အလုပ် သို့မဟုတ် ဝန်ထမ်း ရှာဖွေတွေ့ရှိမှုမရှိခြင်း၊ Third Partyမှ ပြောဆိုချက်များ၊ မမှန်မကန် Access လုပ်ခြင်း၊ ဤSystemအား ပြသနာဖြစ်ပေါ်စေနိုင်သော အခြားသော တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ လုပ်ဆောင်သော ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုကို တာဝန်ယူမည် မဟုတ်ပါ။

  • အပိုဒ် ၁၀ မှတ်ပုံတင်အချက်အလက် ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်သိမ်းခြင်း

    ကျွန်ုပ်တို့ ကုမ္ပဏီသည် မှတ်ပုံတင်ပြီးသော အချက်အလက်ကို Layout ပုံစံထားရှိပြီး မမှန်ကန်ခဲ့လျင်ဖြစ်စေ၊ ဖော်ပြချက်များသည် ဥပဒေနှင့်မလျော်ကန်ကြောင်း တွေ့ရှိရသည်ဖြစ်စေ၊ ရှေ့တွင်ဖော်ပြပါ တားမြစ်ချက်များကြောင့် မှတ်ပုံတင်ထားသော အချက်အလက်များကို ပြောင်းလဲခြင်း၊ ဖျက်သိမ်းခြင်း ပြုလုပ်ရန်လိုအပ်သည်ဟု ယူဆပါက အသုံးပြုသူအား ကြိုတင်အသိပေးခြင်းမရှိဘဲ ၎င်းအချက်အလက်များကို ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်သိမ်းခြင်း များ ပြုလုပ်နိုင်ပါသည်။

  • အပိုဒ် ၁၁ နှုတ်ထွက်ခြင်း

    အသုံးပြုသူသည် သို့ ကြိုတင်အသိပေးပြီးမှသာ ဤဝန်ဆောင်မှုမှ နှုတ်ထွက်နိုင်ပါသည်။

  • အပိုဒ် ၁၂ ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုင်တွယ်ခြင်း

    ဤဝန်ဆောင်မှုအရ ကျွန်ုပ်တို့ ကုမ္ပဏီသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုင်တွယ်သော လုပ်ငန်းဖြစ်သည်။ အမည်၊ ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးစီမံခန့်ခွဲမှု တာဝန်ရှိသူ၏ အလုပ်အကိုင်၊ ဆက်သွယ်ရေးအချက်အလက်နှင့် ပတ်သက်၍ 「ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေး မူဝါဒ」 ကို ကြည့်ရှုရန်။

  • အပိုဒ် ၁၃ အသုံးပြုခနှင့် ပေးချေရမည့်နည်းလမ်း

    အသုံးပြုသူသည် ဤဝန်ဆောင်မှု၏ အခကြေးငွေပေးဆောင်ရသောအပိုင်းကို အသုံးပြုရာတွင် ကျွန်ုပ်တို့ ကုမ္ပဏီမှ သီးခြားသတ်မှတ်ထားသော ဖော်ပြပါ Websiteတွင်ပါရှိသော အခကြေးငွေကို ကျွန်ုပ်တို့ ကုမ္ပဏီမှ သတ်မှတ်ထားသောနည်းလမ်းအတိုင်း ပေးချေရမည်ဖြစ်သည်။

  • အပိုဒ် ၁၄ အလုပ်ခန့်အပ်မှုရလဒ် စသည်တို့ကို အကြောင်းကြားရန်တာဝန်

    အသုံးပြုသူသည် 「တရားဝင်မခန့်အပ်သေး」「မခန့်အပ်」「အလုပ်ခန့်အပ်」စသော အချက်အလက်အမှန်ကို ကျွန်ုပ်တို့ ကုမ္ပဏီအား e-mail စသည်တို့ဖြင့် အကြောင်းကြားရမည်ဖြစ်သည်။

  • အပိုဒ် ၁၅ အသိပေးခြင်း သို့မဟုတ် အကြောင်းကြားခြင်း

    အသုံးပြုသူ နှင့် ကျွန်ုပ်တို့ ကုမ္ပဏီကြားရှိ အသိပေးခြင်း သို့မဟုတ် အကြောင်းကြားခြင်းသည် ကျွန်ုပ်တို့ ကုမ္ပဏီမှ သတ်မှတ်ထားသော နည်းလမ်းအတိုင်းသာ ပြုလုပ်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့ ကုမ္ပဏီအနေဖြင့် သီးခြားဆုံးဖြတ်ထားသည့် နည်းလမ်းအတိုင်း ပြောင်းလဲမှု အကြောင်းကြားစာ မပို့သည်အထိ အသုံးပြုသူထံမှ လက်ရှိမှတ်ပုံတင်ထားသော ဆက်သွယ်ရန်အချက်အလက်ကို အသုံးပြုနိုင်သည်ဟု သတ်မှတ်၍ ၎င်းဆက်သွယ်ရန်အချက်အလက်ထံသို့သာ အသိပေးခြင်း သို့မဟုတ် အကြောင်းကြားခြင်းကို ပြုလုပ်ပြီး ပေးပို့မှုများသည် အသုံးပြုသူထံ ရောက်ရှိသည်ဟု ယူဆမည်ဖြစ်သည်။

  • အပိုဒ် ၁၆ အခွင့်အရေးနှင့် တာဝန်ဝတ္တရား လွှဲပြောင်းခြင်း တားမြစ်ချက်

    အသုံးပြုသူသည် ကျွန်ုပ်တို့ ကုမ္ပဏီ၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်စာချုပ် သို့မဟုတ် သဘောတူညီချက်အပေါ်အခြေခံသော အခွင့်အရေးနှင့် တာဝန်ဝတ္တရား များကို အခြားသူအား လွှဲပြောင်းပေးခြင်း သို့မဟုတ် အာမခံအဖြစ်အသုံးပြုခြင်း မပြုလုပ်ရပါ။

  • အပိုဒ် ၁၇ စည်းကမ်းချက်ပြောင်းလဲခြင်း

    • (၁) ကျွန်ုပ်တို့ ကုမ္ပဏီသည် ဖော်ပြပါစည်းကမ်းချက်များကို ပြောင်းလဲမည့်အခါတွင် ပြောင်းလဲမည့် အကြောင်းအရာနှင့် အကျိုးသက်ရောက်မည့် ကာလကို ဖော်ပြ၍ အကျိုးသက်ရောက်မည့်နေ့၏ သတ်မှတ်ထားသော အချိန်မတိုင်ခင်အထိ ကျွန်ုပ်တို့ ကုမ္ပဏီ Website တွင် ဖော်ပြခြင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် ဖော်ပြပါဝန်ဆောင်မှုကို အသုံးပြုသူများထံ အသိပေးသွားမည် ဖြစ်သည်။

    • (၂) ရှေ့တွင်ပါရှိခဲ့သော စည်းကမ်းချက်များ၏ ပြောင်းလဲမှုနှင့် ပတ်သက်၍ သဘောမတူညီသော အသုံးပြုသူသည် ကျွန်ုပ်တို့ ကုမ္ပဏီမှ သတ်မှတ်ထားသော နည်းလမ်းဖြင့် အကျိုးသက်ရောက်မှုရှိသည့်နေ့အထိ သဘောတူစာချုပ်ကို ဖျက်သိမ်းခြင်း ပြုလုပ်နိုင်မည် ဖြစ်သည်။

    • (၃) ဖော်ပြပါစည်းကမ်းချက်များသည် အပိုဒ် ၁၏ လုပ်ဆောင်ချက်များ ပြီးမြောက်ပြီး အကျိုးသက်ရောက်သည့်နေ့မှစ၍ အပိုဒ်၁ တွင် အသိပေးခဲ့သည့်အတိုင်း ပြောင်းလဲသွားမည် ဖြစ်သည်။

  • အပိုဒ် ၁၈ တရားစီရင်ပိုင်ခွင့်

    ဖော်ပြပါစည်းကမ်းချက်များ၏ အုပ်ချုပ်ရေးဥပဒေသည် ဂျပန်ဥပဒေအတိုင်း ဖြစ်သည်။ ဤSystem သို့မဟုတ် စည်းကမ်းချက်များနှင့် ပတ်သက်၍ ကျွန်ုပ်တို့ ကုမ္ပဏီ နှင့် အသုံးပြုသူကြားတွင် ပေါ်ပေါက်ခဲ့သော အငြင်းပွားဖွယ်ရာများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ ကုမ္ပဏီ၏ ရုံးချုပ်တည်နေရာအရ တရားစီရင်ပိုင်ခွင့်ရှိသော တရားရုံးကို ပထမအကြိမ်တရားစီရင်ပိုင်ခွင့်ရှိသော နေရာ အဖြစ် သတ်မှတ်မည်။