スキルアップしたい外国人のための
日本語無料学習のオンラインサイト

JAPAREC ဆိုသည်မှာ

အနာဂတ် အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ Skill Up ဖြစ်စေချင်သောဆန္ဒ။ ထိုကဲ့သို့သော ဆန္ဒမှ 「JAPAREC」ကို ဖန်တီးခဲ့။ လက်ရှိကာလမှာ ဂျပန်လုပ်ငန်းတွေဟာလည်း နိုင်ငံခြားလူမျိုးများကို ခန့်အပ်လာ။ ဒီအခွင့်အရေးကို အသုံးချပြီး ဂျပန်ဘာသာကို လေ့လာခွင့်ရစေရန် သင့်ရဲ့ကြိုးစားချင်စိတ်ကို ပံ့ပိုးပေးလျက် ရှိပါတယ်။

ရွေးခြယ်သင့်သောအကြောင်းအရင်း1

ဂျပန်ဘာသာကို အခမဲ့ဖြင့်လေ့လာနိုင်သောE-Learning ဝန်ဆောင်မှု

အွန်လိုင်းဖြင့် ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာတွင် ဂျပန်သာသာ လေ့လာနိုင်စေရန် 「ဂျပန်ဘာသာလေ့လာရေး E-Learning (အခမဲ့)」ကို အသုံးပြုနိုင်ပါသည်။ ဂျပန်ဘာသာကျောင်း၏ ဆရာများက လက်တွေ့ကြီးကြပ်ကွပ်ကဲထားသော သင်ရိုးညွှန်းတမ်းများ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်း နှင့် ကွန်ပြူတာ မှ နေံစဉ် ကြိုးကြိုးစားစား လေ့လာကြရအောင်!

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT နှင့် Technical စစ်ဆေးမှုတို့အတွက်လည်း သင့်တော်တဲ့ မေးခွန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်ပါတယ်။ အတိုင်းအတာတစ်ခုအထိ လေ့လာပြီးတဲ့နောက် 「ပြန်လည်စစ်ဆေးခြင်း」ပြုလုပ်နိုင်ပါတယ်။ ရလဒ်ကိုလည်း ဖော်ပြပေးတဲ့အတွက် စာမေးပွဲမတိုင်ခင်မှာ အားနည်းတဲ့အပိုင်းတွေကို ကျော်လွှားဖို့အတွက် အသုံးပြုနိုင်ပါတယ်။ 「ရလဒ်အကဲဖြတ်」ခြင်းတွင်လည်း လေ့လာခြင်းတိုးတက်မှုနှုန်းနှင့် ရမှတ် စတာတွေကို စစ်ဆေးနိုင်ပါတယ်။ ပန်းတိုင်ဆီ ဦးတည်ပြီး ကြိုးစားပါ။

ရွေးခြယ်သင့်သောအကြောင်းအရင်း2

Skill Up ဖြစ်ပြီးနောက်လုပ်ငန်းခွင်ဝင်ဖို့အတွက်လည်းသင့်တော်ရာကိုရွေးခြယ်ပေး !

ဂျပန်တွင် နေထိုင်နေကြသော ပညာတော်သင်များ၊ ထရိန်အနေဖြင့် ထူးချွန်သော လူသားအရင်းအမြစ်ကို ရှာဖွေနေသော လုပ်ငန်းများစွာ ရှိနေပါတယ်။ ထိုကဲ့သို့ အခြေအနေနှစ်ခုစလုံးကို ကိုက်ညီအောင် ဆောင်ရွက်ပေးနိုင်တဲ့ စနစ်ကို JAPAREC မှ လုပ်ဆောင် ပေးနေတာပဲဖြစ်ပါတယ်။ Skill Up ဖြစ်ပြီးတဲ့ သင့်အတွက် အလုပ်အကိုင်ရှာဖွေဖို့ အကူအညီပေးနေပါတယ်။ အဖွဲ့ဝင်ဖြစ်ခဲ့မယ်ဆိုရင် ဝန်ဆောင်မှုကို အခမဲ့ အသုံးပြုနိုင်ပါတယ်။

ရွေးခြယ်သင့်သောအကြောင်းအရင်း3

စိတ်ချရမှု၊ ပြီးပြည့်စုံမှု ကိုပံ့ပိုးပေးနေသောစနစ်

မိခင်တိုင်းပြည်တွင် လုပ်ငန်းခွင်ဝင်ချင်သူများနှင့် ဂျပန်တွင်လုပ်ငန်းခွင် ဝင်ချင်သူများ စသည်ဖြင့် အနာဂတ်အိပ်မက်ချင်း မတူညီကြပါ။ အလုပ်လုပ်ပုံနှင့် ကိုက်ညီသော လိုအပ်သည့် Skillများလည်း မတူညီကြပါ။ သင့်ထံတွင် လိုအပ်နေသော Skillကို ကျွမ်းကျင်ပိုင်နိုင်စွာ ရရှိစေရန် ပံ့ပိုးပေးလျက်ရှိပါသည်။

ဝန်ဆောင်မှုတခုလုံး၏ လည်ပတ်စီးဆင်းပုံ