スキルアップしたい外国人のための
日本語無料学習のオンラインサイト

အမေးများသောမေးခွန်းများ

အမေးများသောမေးခွန်းများCustomer များထံမှ မေးလေ့ရှိသောမေးခွန်းများကို စုစည်းထားခြင်း။

FAQ よくある質問

အသင်းဝင် မှတ်ပုံတင်ခြင်း ၊ လျှောက်လွှာတင် ခြင်းနှင့် ပတ်သက်၍

Q
အသင်းဝင် မှတ်ပုံတင် လို့မရဖြစ်နေပါတယ်၊ ဘယ်လို ဆောင်ရွက်ရပါမည်နည်း။
A
အသင်းဝင် မှတ်ပုံတင်မရခြင်း၏ ဖြစ်နိုင်ခြေ အနေနဲ့ အောက်ပါ ၂ ချက် ဖြစ်နိုင်တဲ့အတွက် စစ်ဆေးပေးပါ။
  1. ၁။ ဖြည့်သွင်းလိုက်တဲ့ ဖုန်းနံပါတ်၊ အီးမေးလ် လိပ်စာ မှားနေပါသလား။
  2. ၂။ ဖုန်းအဝင်ခေါ်ဆိုမှု ကန့်သတ်ချက်များ နှင့် အီးမေးလ် လက်ခံမှု ကန့်သတ်ချက်များ၊ Spam mail အဖြစ် setting လုပ်ထားပါသလား။
ဒီနေရာကိုနှိပ်ပြီး အဆင့်များအတိုင်း လိုက်နာပြီး မှတ်ပုံတင်ပါ။
Q
လျှောက်လွှာတင်ပြီးသော်လည်း JAPAREC မှ အကြောင်းကြားလာမှု မရှိသည့် အတွက် မည်သို့ဆောင်ရွက်သင့်ပါသလဲ ဖြေကြားပေးပါ။
A
အကြောင်းမကြားခြင်း၏ ဖြစ်နိုင်ခြေ အနေဖြင့် အောက်ပါ ၂ ချက် ဖြစ်နိုင်တဲ့အတွက် စစ်ဆေးပေးပါ။  
  1. ၁။ ဖြည့်သွင်းလိုက်တဲ့ အီးမေးလ် လိပ်စာ မှားနေပါသလား။
  2. ၂။ ဖုန်းအဝင်ခေါ်ဆိုမှု ကန့်သတ်ချက်များ နှင့် အီးမေးလ် လက်ခံမှု ကန့်သတ်ချက်များ၊ Spam mail အဖြစ် setting လုပ်ထားပါသလား။

၁၊၂ တို့တွင် အကျုံးမဝင်ဘဲ လျှောက်လွှာတင်ပြီး ၂ပတ်ကျော်သည်ထိ အကြောင်းမကြားလာပါက စုံစမ်းမေးမြန်းရန် နေရာမှတဆင့် မေးမြန်းပါ။
Q
အလုပ်လျှောက်လွှာကို ငြင်းပယ်ခြင်း၊ ပယ်ဖျက်ခြင်း လုပ်နိုင်ပါသလား။
A
"ကျောင်းအပ်ပြီးနောက်မေးမြန်းစုံစမ်းလိုသည်" နေရာမှတစ်ဆင့် ပယ်ဖျက်ပေးပါ။
Q
အလုပ်ခေါ်ဆိုသော လုပ်ငန်းအကြောင်း ပိုမိုသိရှိလိုပါက ၎င်းလုပ်ငန်းသို့ တိုက်ရိုက် မေးမြန်းလို့ရပါသလား။
A
တိုက်ရိုက် မေးမြန်းလို့ မရပါ။ မေးမြန်းလိုပါက JAPAREC ၏ စုံစမ်းမေးမြန်းရန် နေရာမှတဆင့် မေးမြန်းပါ။
Q
အလုပ်ခေါ်ဆိုသော လိုအပ်ချက်များနှင့် မကိုက်ညီသော်လည်း လျှောက်ထားခွင့်ရှိပါသလား။
A
မရှိမဖြစ် ကျွမ်းကျင်မှုများ မရှိလျှင် လျှောက်ထားခွင့် မပြုပါ။ ရှိသင့်သည့် အရည်အချင်းပိုင်းသည် လိုအပ်ချက်ရှိလည်းပဲ လျှောက်ထားနိုင်ပါသည်။

ရွေးခြယ်ခြင်း၊ အလုပ်ခန့်အပ်ခြင်း

Q
လူတွေ့စစ်ဆေးမှု အချိန် ကို ပြောင်းချင်ပါတယ်။ ပြောင်းနိုင်ပါသလား။
A
စုံစမ်းမေးမြန်းရန် နေရာမှတဆင့် မေးမြန်းပါ။

JAPAREC နှင့် ပတ်သက်၍

Q
တင်ပြထားသော သတင်းအချက်အလက်များ Update ဖြစ်ပါသလား။
A
အသစ်ပြန်ဆင်ထားသည့် ရက်စွဲကို စစ်ဆေးပါ။
Q
အက်ပလီကေးရှင်း ရှိပါသလား။
A
မရှိပါ။ website ပဲရှိပါတယ်။
Q
E-Learning ရလဒ်များကို ဖော်ပြထားပါသလား။
A
ဖော်ပြထားပါတယ်။
လုပ်ငန်းတွေအနေနဲ့ ရလဒ်ကို စဉ်းစားမှာ ဖြစ်တဲ့အတွက် နေ့စဉ်လေ့လာမှုများကို အဆက်မပြတ် ကြိုးစားပေးပါ။

Tokuteiginou (Specific Skills) နှင့် ပတ်သက်၍

Q
တိုင်းပြည်ပြန်လာခဲ့သော Technical ထရိန်နင် ဝန်ထမ်းဟောင်း ဖြစ်သည်။ 「Tokuteiginou (Specific Skills) နံပါတ် ၁」အနေဖြင့် ဂျပန်သို့သွားချင်သော်လည်း အထူး Technical ထရိန်နင် နံပါတ် ၁ ကာလ ၁ နှစ်+ Technical ထရိန်နင် နံပါတ် ၂ ကာလ ၁နှစ် ၁၁လ ဖြစ်ပြီး၊ ၃နှစ်ခန့် Technical ထရိန်နင် မလုပ်ထားပါ။ ကျွမ်းကျင်မှုအဆင့်သတ်မှတ်ချက် နှင့် ဂျပန်စာအရည်အချင်းအဆင့်သတ်မှတ်ချက် ဆိုင်ရာ စာမေးပွဲများ ကင်းလွတ်ခွင့်ရှိသူ 「 Technical ထရိန်နင် နံပါတ် ၂ ပြီးဆုံးသူ 」 အဖြစ် သတ်မှတ်နိုင်ပါသလား။
A
သတ်မှတ်နိုင်ပါတယ်။ Technical ထရိန်နင် နံပါတ် ၂ကို ၁နှစ် နှင့် ၁၀လ အထက် ပြီးဆုံးပါက သတ်မှတ်နိုင်ပါတယ်။
Q
「 Technical ထရိန်နင် နံပါတ် ၂ ပြီးဆုံး 」ထားတဲ့ Technical ထရိန်နင် ဝန်ထမ်းဟောင်းဖြစ်ပါတယ်။ 「Tokuteiginou (Specific Skills) နံပါတ် ၁」အနေဖြင့် ဂျပန်သို့သွားချင်သော်လည်း Technical ထရိန်နင် အဆင့်၃ကို စာမေးပွဲ ဖြေဆိုထားခြင်း မရှိပါ။ Tokuteiginou (Specific Skills) ဖြစ်နိုင်ပါသလား။
A
ဖြစ်နိုင်သော်လည်းပဲ Technical ထရိန်နင် အဆင့်၃ အောင်လက်မှတ်မရှိတဲ့ အတွက် လက်တွေ့ထရိန်နင် ( Technical ထရိန်နင် လုပ်ငန်း) ၏ အကဲဖြတ် မှတ်တမ်းလိုအပ်ပါတယ်။
Q
「 Technical ထရိန်နင် နံပါတ် ၂ ပြီးဆုံး 」ထားတဲ့ Technical ထရိန်နင် ဝန်ထမ်းဟောင်းဖြစ်ပါတယ်။ 「Tokuteiginou (Specific Skills) နံပါတ် ၁」အနေဖြင့် ဂျပန်သို့သွားချင်သော်လည်း ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (JLPT) N4 မအောင်ထားပါဘူး။ Tokuteiginou (Specific Skills) ဖြစ်နိုင်ပါသလား။
A
ဖြစ်နိုင်ပါတယ်။ Technical ထရိန်နင် သည် ၃နှစ်ကာလ Technical ထရိန်နင် ပြီးထားမယ်ဆိုရင် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (JLPT)N4 ရှိထားရန်မလိုပါ။
Q
တိုင်းပြည်ပြန်လာခဲ့သော Technical ထရိန်နင် ဝန်ထမ်းဟောင်း ဖြစ်ပါတယ်။ Technical ထရိန်နင် နံပါတ် ၁ ကာလအတွင်း ၆လတည်းနဲ့ တိုင်းပြည်ပြန်လာခဲ့ ပါတယ်။ Technical ထရိန်နင် အဆင့်၂ ကို အောင်ထားသော်လည်းပဲ Technical ထရိန်နင် အဆင့် ၃ ကို မဖြေရသေးပါဘူး။ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (JLPT)N4 အောင်မြင်ထားပါတယ်။ Tokuteiginou (Specific Skills) ဖြစ်နိုင်ပါသလား။
A
ဖြစ်နိုင်ပါတယ်။ ဂျပန်မှာ Technical ထရိန်နင် စာမေးပွဲဖြေရန်လိုအပ် ပါတယ်။
< Technical ထရိန်နင် လုပ်ပြီးတဲ့ လုပ်ငန်းအမျိုးအစားဖြစ်မယ်ဆိုရင်>
Technical ထရိန်နင် အဆင့် ၃ သို့မဟုတ် အကဲဖြတ် စာ‌မေးပွဲအထူးအဆင့်၏ အောင်လက်မှတ် လိုအပ်
< Technical ထရိန်နင် လုပ်ပြီးတဲ့ လုပ်ငန်းအမျိုးအစားမဟုတ်ခဲ့ရင်>
လက်ရှိဂျပန်တွင် စာမေးပွဲ ဖြေဆိုနိုင်သော Technical စာ‌မေးပွဲများ
  1. ပြင်ပစားသောက်ကုန် လုပ်ငန်း
  2. ဟိုတယ်လုပ်ငန်း
  3. အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်း
Q
လက်ရှိ ဂျပန်တွင် ပညာတော်သင်ကျောင်းသားအနေနဲ့ နေထိုင်နေပါတယ်။ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (JLPT) N2 ရရှိထားပါတယ်။ ၄နှစ် တက္ကသိုလ်တက်ပြီးနောက် 「 အလုပ်လုပ်ခွင့်ရှိသည့် နေထိုင်ခွင့် (အင်ဂျင်နီယာ၊ စကားပြန်စသည်) 」 ရရှိရန် ဦးတည် လုပ်ဆောင်နေပါတယ်။ 「Tokuteiginou (Specific Skills) 」ကိုလည်း စိတ်ဝင်စားပါတယ်။ ကွာခြားမှုတွေကို သိချင်ပါတယ်။
A
「Tokuteiginou (Specific Skills) 」သည် နံပါတ် ၁ အကြာဆုံး(၅)နှစ်တာကာလ၊ နံပါတ် ၂ အကြာဆုံး(၅)နှစ် တာကာလ ဆိုပြီးရှိပါတယ်။ နယ်ပယ် တစ်ခုစီမှာ လက်ခံဖို့ ခန့်မှန်းထားတဲ့ အရေအတွက်က ဝင်ခွင့်ရရှိသော နိုင်ငံခြားသား အရေအတွက်ထက် များတဲ့အတွက်ကြောင့် အမြဲတမ်း နေထိုင်ခွင့် မရရှိပါဘူး။ 「 အလုပ်လုပ်ခွင့်ရှိသည့် နေထိုင်ခွင့် (အင်ဂျင်နီယာ၊ စကားပြန်စသည်) 」သည် အချက်အလက် ကိုက်ညီပါက နောက်ဆုံးတွင်「အမြဲတမ်း နေထိုင်ခွင့် 」ရရှိနိုင်ပါသည်။ 「Tokuteiginou (Specific Skills) နံပါတ် ၂」သည်လည်း အချက်အလက် ကိုက်ညီပါက နောက်ဆုံးတွင်「အမြဲတမ်း နေထိုင်ခွင့် 」ရရှိနိုင်ခြေရှိသော်လည်း အသစ်စတည်ကာစ နေထိုင်ခွင့် ဥပဒေသသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါတယ်။ 「Tokuteiginou (Specific Skills) 」ဖြင့် အလုပ်ဝင်ပြီး 「 အလုပ်လုပ်ခွင့်ရှိသည့် နေထိုင်ခွင့် (အင်ဂျင်နီယာ၊ စကားပြန်စသည်) 」သို့ ပြောင်းပြီး အလုပ်လျောက်တာမျိုးလည်း လုပ်နိုင်ပါတယ်။