スキルアップしたい外国人のための
日本語無料学習のオンラインサイト

ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေး မူဝါဒ

ကျွန်ုပ်တို့ ကုမ္ပဏီသည် ကျွန်ုပ်တို့ ကုမ္ပဏီမှရရှိထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးဥပဒေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေး လမ်းညွှန်ချက်၊ အခြားသော ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးဆိုင်ရာ ဥပဒေ စည်းမျဉ်းများကို လိုက်နာပါမည်။

  • ၁။ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးစီမံမှု

    ကျွန်ုပ်တို့ ကုမ္ပဏီသည် ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးနှင့် ပတ်သက်ပြီး အဖွဲ့အစည်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူပုဂ္ဂိုလ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ သင့်တော်သော နည်းလမ်းများကို အသုံးပြု၍ ကျွန်ုပ်တို့ ကုမ္ပဏီမှ ထိန်းသိမ်းထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များ မပေါက်ကြားစေရန်၊ ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှု ကာကွယ်ရန်၊ အခြားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များ၏ လုံခြုံရေးစီမံမှုအတွက် လိုအပ်သော ၊သင့်တော်သော အစီအမံများကို ဆောင်ရွက်ပါမည်။

  • ၂။ ကိုယ်ရေးကိုယ်တာ အချက်အလက် ရယူရာတွင် လိုက်နာသည့် အချက်များ

    ကျွန်ုပ်တို့ ကုမ္ပဏီအနေဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက် ရယူခြင်း၊ အသုံးပြုခြင်း၊ တင်ပြခြင်း နှင့် ပတ်သက်၍ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါသည်။
    • (၁) ကိုယ်ရေးကိုယ်တာ အချက်အလက် ရယူခြင်း

      ကျွန်ုပ်တို့ကုမ္ပဏီသည် ကျွန်ုပ်တို့ကုမ္ပဏီမှ စီမံခန့်ခွဲသည့် အင်တာနက်မှတဆင့် သတင်းအချက်အလက်ပေးသောနေရာ (အောက်ပါ「ဤဝက်ဘ်ဆိုက်」ဟုခေါ်တွင်မည်။) ၏ လုပ်ဆောင်ချက်အား လိုအပ်သော အတိုင်းအတာဖြင့် ဖော်ပြပါ နေရာ၏ အသုံးပြုသူထံမှ အသုံးပြုသူနှင့် သက်ဆိုင်သော အချက်အလက်များကို ရယူသည့် အကြောင်းများရှိပါသည်။

    • (၂) ကိုယ်ရေးကိုယ်တာ အချက်အလက် အသုံးပြုရခြင်း ရည်ရွယ်ချက်

      ကျွန်ုပ်တို့ကုမ္ပဏီသည် ကျွန်ုပ်တို့ကုမ္ပဏီမှရရှိထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ပတ်သက်ပြီး ဥပဒေအရ သို့မဟုတ် ကာယကံရှင်၏ ခွင့်ပြုချက် ပါရှိသည်မှအပ အောက်ပါ ရည်ရွယ်ချက်များ အတွက် လိုအပ်သောအတိုင်းအတာထက် ပို၍ အသုံးပြုခြင်း မရှိပါ။

      (၁) ဤဝက်ဘ်ဆိုက်၏ ဆောင်ရွက်မှု၊ ထိန်းသိမ်းမှု၊ စီမံမှု
      (၂) ဤဝက်ဘ်ဆိုက်မှတဆင့် ဝန်ဆောင်မှုပေးခြင်းများနှင့် မိတ်ဆက်ပေးခြင်းများ
      (၃) ဤဝက်ဘ်ဆိုက်၏ အရည်အသွေးတိုးတက်မှုအတွက် အကြံဉာဏ်တောင်းခံခြင်း

    • (၃) ကိုယ်ရေးကိုယ်တာ အချက်အလက် များတင်ပြခြင်း

      ကျွန်ုပ်တို့ကုမ္ပဏီသည် ဥပဒေအရ လိုအပ်သည်မှအပ ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့် ရရှိထားသော အချက်အလက်များကိုကာယကံရှင်၏ ခွင့်ပြုချက်မပါရှိဘဲ အခြားသူအား တင်ပြခြင်းမပြုလုပ်ပါ။ ထို့ပြင် ကာယကံရှင်၏ တောင်းဆိုချက်အရ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ဖော်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အသုံးပြုရန် ကြိုတင်အသိပေးခြင်းနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ထင်မြင်ချက်၊ ဆွေးနွေးချက်များနှင့် ပတ်သက်၍လည်း သင့်တော်သလို ဖြေကြားပေးသွားမည် ဖြစ်သည်။

  • ၃။ ကိုယ်ရေးကိုယ်တာ အချက်အလက် အသုံးပြုရခြင်း ရည်ရွယ်ချက် ပြောင်းလဲခြင်း

    ကျွန်ုပ်တို့ကုမ္ပဏီသည် ရှေ့တွင်ဖော်ပြခဲ့သော ရည်ရွယ်ချက်သည် ကာယကံရှင်၏ သဘောတူညီမှုရယူသည့် အခါမှလွဲ၍ ပုံမှန်အားဖြင့် ပြောင်းလဲခြင်းမရှိပါ။ သို့သော် မပြောင်းလဲမီ အသုံးပြုမည့် ရည်ရွယ်ချက်နှင့် သက်ဆိုင်မှုရှိသည်ဟု ကျိုးကြောင်းဆီလျော်စွာ ယူဆရသော အတိုင်းအတာအထိ ပြောင်းလဲပြီးနောက် အသုံးပြုမည့် ရည်ရွယ်ချက်ကို ကြိုတင်ကြေငြာပါက ယခုသတ်မှတ်ချက်အတွင်း အကျုံးမဝင်ပါ။

  • ၄။ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို Third Partyထံပေးအပ်ခြင်း

    ကျွန်ုပ်တို့ကုမ္ပဏီသည် ကိုယ်ရေးကိုယ်တာ အချက်အလက်အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို Third Party ထံပေးအပ်သည့်အခါ သင့်တော်မှုရှိမရှိကို သေချာစွာစစ်ဆေးပြီး ပေးအပ်ခြင်းခံရသော ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံမှုရှိစေရန် လက်ခံသူနှင့် ပတ်သက်၍ လိုအပ်သည် နှင့် သင့်တော်သည့် စောင့်ကြည့်မှုများကို ပြုလုပ်ခြင်း ရှိပါသည်။

  • ၅။ ကိုယ်ရေးကိုယ်တာ အချက်အလက် အသုံးပြုခြင်းကို ကောင်းမွန်အောင်လုပ်ခြင်း ၊ပြင်ဆင်ခြင်း

    ကျွန်ုပ်တို့ကုမ္ပဏီသည် ကိုယ်ရေးကိုယ်တာ အချက်အလက် အသုံးပြုခြင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့်ပတ်သက်သော စစ်ဆေးမှုများကို လက်တွေ့လုပ်ဆောင်ပြီး စဉ်ဆက်မပြတ် တိုးတက်စေရန် ပြုပြင်လျက်ရှိပါသည်။

  • ၆။ ကိုယ်ရေးကိုယ်တာ အချက်အလက် များကို စွန့်ပစ်ခြင်း

    ကျွန်ုပ်တို့ကုမ္ပဏီသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြုရန် မလိုအပ်တော့သည့်အခါ ထိုကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပယ်ဖျက်ခြင်း သို့မဟုတ် စွန့်ပစ်ခြင်း ပြုလုပ်ပြီး ထိုကဲ့သို့ ပယ်ဖျက်၊ စွန့်ပစ်ခြင်းမှတစ်ဆင့် ပြင်ပသို့ ပေါက်ကြားမည့် အန္တာရာယ်များကို ကြိုတင်ကာကွယ်ရန်အတွက် လိုအပ်သည် နှင့် သင့်တော်သော နည်းလမ်းများဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးမြင့်ရေးအတွက် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်လျက်ရှိသည်။

  • ၇။ တိုင်ကြားမှု နှင့် ဆွေးနွေးမှုအတွက် ဆက်သွယ်ရမည့် နေရာ

    ကျွန်ုပ်တို့ကုမ္ပဏီသည် ကိုယ်ရေးကိုယ်တာ အချက်အလက် အသုံးပြုမှု နှင့် ပတ်သက်သော ဆက်သွယ်ရမည့်နေရာ သို့မဟုတ် တာဝန်ခံကို အောက်ပါအတိုင်း စီစဉ်ထားလျက် ရှိပါသည်။

    【ARMS ရှယ်ယာ ကုမ္ပဏီ】〒472-0023 73, Nishimachi Nishimachi, Chiryu-shi, Aichi H & A Building 2nd floorTEL:0566-81-7477ကိုယ်ရေးကိုယ်တာ အချက်အလက် တိုင်ကြားမှု နှင့် ဆွေးနွေးမှု တာဝန်ခံ 魏 国清(Wei Kunisei)