Japarec

လုပ်ငန်းရှင်များ
ဂျပန်စကား ကျွမ်းကျင်ပြီး ဂျပန်၏ ဓလေ့ထုံးစံများကို နားလည်သော ထူးချွန်သည့်နိုင်ငံခြားသား လူ့စွမ်းအား အရင်းအမြစ်ကို အလုပ်ခန့်ချင် ပါတယ်။
×
နိုင်ငံခြားသား
အိပ်မက်များကို အကောင်အထည် ဖော်နိုင်ရန်အတွက် Skill Up ဖြစ်ချင်ပါတယ်။ ဘာသာစကားရဲ့စွမ်းရည်နဲ့ Global မှာ အသုံးချ/အလုပ်လုပ်ချင်ပါတယ်။

၎င်းလိုအပ်ချက်များကို ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးမည့် Matching Site ဖြစ်သည်။

နိုင်ငံခြားသား၏ လုပ်ငန်းကျွမ်းကျင်အောင်လက်မှတ်ရရှိခဲ့မှု 8,085 (၂၀၂၀ ခုနှစ် ၁၂ လပိုင်းအထိ)
ပညာရေးသင်ကြားခဲ့မှုမှတ်တမ်း၂၀ နှစ်!
ဂျပန်ဘာသာကျောင်း နည်းပြ၏ E-Learning ဖြင့် အခမဲ့ လေ့လာခွင့်!!
Technical ထရိန်နင်ပြီးနောက် အလုပ်ရှာဖွေခြင်း (လူတွေ့စစ်ဆေး~အလုပ်ဝင်သည်ထိ)စေ့စပ်သေချာသော ပံ့ပိုးမှု
နိုင်ငံခြားသားအား အလုပ်ခန့်အပ်ရန် အထူးပြုထားသော ဝက်ဘ်ဆိုဒ်!
လုပ်ငန်းရှင်များအတွက် ခက်ခဲသော လုပ်ဆောင်မှုများကို ဂရုတစိုက် ပံ့ပိုး !
နိုင်ငံခြားသား ထူးချွန်သော လူ့အရင်းအမြစ်တို့နှင့် ချိတ်ဆက်ပေး!

သင့်ကုမ္ပဏီအတွက် လိုအပ်သော အရင်းအမြစ်ကို မိတ်ဆက်ပေး!

Introducing the immediate force required for the company.

နိုင်ငံခြားသား လုပ်သားရှာဖွေချင်သော်လည်း စိတ်ပူစရာတွေ များပြာ။ခန့်အပ်ဖို့ ကမ်းလှမ်းပြီးနောက်ပိုင်း ဗီဇာကိစ္စအတွက် ဆောင်ရွက်စရာတွေကို နားမလည်။ဒီလို ပူပန်စရာတွေနဲ့ ကြုံတွေ့ နေရပါသလား?ဒီ「JAPAREC」မှာတော့ မိမိတို့ လုပ်ငန်းနှင့် သင့်တော်သော အရည်အချင်းရှိပြီးသား နိုင်ငံခြားလုပ်သား အရင်းအမြစ်ကို တွဲဖက်ပေးနိုင်ပါတယ်။ထို့ပြင် နေထိုင်ခွင့်(ဗီဇာ)လျောက်ထားဖို့ ဆောင်ရွက်စရာတွေနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကိုလည်း ကျွမ်းကျင် ဝန်ထမ်းများမှ ဖြေရှင်းပေးနိုင်ပါတယ်။ စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ လုပ်ငန်းအတွေ့အကြုံရှိသူများနှင့် IT ပညာရှင်များ၊ စက်ပစ္စည်းဆိုင်ရာ နိုင်ငံခြားသားအင်ဂျင်နီယာများ စသော ဝန်ထမ်းစုဆောင်းခြင်း တို့ကို လုပ်ငန်းအမျိုးအစားစုံလင်စွာ ထောက်ပံ့ပေးလျက် ရှိပါတယ်။

JAPAREC ကို အသုံးပြုသော လုပ်ငန်းများအတွက် အားသားချက်

၁။ မိမိကုမ္ပဏီ၏ လုပ်ငန်းတာဝန်နှင့်သင့်တော်သော အရည်အချင်းရှိပြီးသား နိုင်ငံခြားလုပ်သားအင်အားကို လွယ်ကူစွာ ရှာတွေ့နိုင်ခြင်း
JAPARECတွင် နိုင်ငံခြားသား အလုပ်ရှာသူများ၏ နိုင်ငံသား၊ နေထိုင်ခွင့် (ဗီဇာ)၊ ဂျပန်ဘာသာ အရည်အချင်းနှင့် နည်းပညာ ကျွမ်းကျင်မှု စသော ကိုယ်ရေးအချက်အလက်များကို မှန်ကန်တိကျပြီး သင်တို့ကုမ္ပဏီအတွက် လိုအပ်သော အင်အားတစ်ခုဖြစ်စေမည့် ထူးချွန်သော ဝန်ထမ်းများကို တွဲဖက်ပေးလျက်ရှိပါသည်။ 「ဂျပန်စကားကို ဘယ်လောက်အထိ ပြောနိုင်သလဲ?」「ဂျပန်နိုင်ငံရဲ့ စားဝတ်နေရေး ဓလေ့စရိုက်တွေကို နားလည်ထားပြီလား?」「နည်းပညာအဆင့် ဘယ်လောက်ထိ သင်ယူထားသလဲ?」စသော အလုပ်ခန့်မည့် အခါတွင် သိထားသင့်သည်များကို ကိုယ်ရေးအချက်အလက်များတွင် ကြိုတင် ထည့်သွင်းထားလျက် ရှိပါသည်။JAPAREC၏ တွဲဖက်ပေးမှုသည် မှတ်ပုံတင်အချက်အလက်များမှ သင်တို့ကုမ္ပဏီ၏ ဆန္ဒကို လေ့လာဆန်းစစ်၍ သုံးသပ်ကာ မှားယွင်းတွဲဖက်မှု အနည်းဆုံးဖြစ်သော စနစ်ကိုအသုံးပြုပြီး ရှာဖွေနေသော ဝန်ထမ်းကို လွယ်ကူစွာ ရရှိပြီး စိတ်ကျေနပ်စေသော ဝန်ထမ်းခန့်ထားမှုကို မျှော်လင့်နိုင်ပါသည်။
များစွာသော မိတ်ဖက်ကုမ္ပဏီများ၊ အလုပ်သမားသမ္မဂ္ဂများနှင့် ချိတ်ဆက်ထားသည့်အတွက် ထူးချွန်ဝန်ထမ်းအရင်းအမြစ်များ၏ မှတ်ပုံတင်အရေအတွက် များစွာရှိနေပါသည်။အလုပ်အမျိုးအစားအနေဖြင့်လည်း စက်ရုံ၊ ဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စကားပြန်၊ လယ်ယာလုပ်ငန်း၊ အဆောက်အဦးသန့်ရှင်းရေး၊ သူနာပြု၊ ဆရာဝန်၊ အင်ဂျင်နီယာ စသော နိုင်ငံသားအမျိုးမျိုးတို့၏ လူအရင်းအမြစ်များစွာက မှတ်ပုံတင်ထားကြပါသည်။ ထို့ပြင် အာရှအထူးပြု နိုင်ငံခြားသား ဝန်ထမ်းခန့်အပ်ရေး consultant လုပ်ငန်းနှင့်လည်း မိတ်ဖက်ဖြစ်သည့်အတွက် ဝန်ထမ်းရေးရာဆိုင်ရာ အချက်အလက်အသစ်များကို အမြဲတမ်း တင်ပြနိုင်ပါသည်။အခြားနိုင်ငံရှိ ဂျပန်လုပ်ငန်းအတွက် ဝန်ထမ်းခန့်ထားရန်လည်း ဆောင်ရွက်ပေးနေပါသည်။ နိုင်ငံတွင်း၊ နိုင်ငံပြင်ပ သင်တို့ကုမ္ပဏီ ဆန္ဒရှိသည့်အတိုင်း အကိုက်ညီဆုံး ဖြစ်အောင်ဆောင်ရွက်ပေးနေပါသည်။

၂။ ပို့စ်တင်ခ အခမဲ့
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုသည် အခမဲ့ဖြင့် အသုံးပြုနိုင်ပါသည်။ ကျေးဇူးပြုပြီး စိတ်ပေါ့ပါးစွာ မှတ်ပုံတင်နိုင်ပါတယ်။

၃။ နေထိုင်ခွင့် (ဗီဇာ) ခွင့်ပြုချက်၊ သတ်မှတ်ချက်နှင့် ရှုပ်ထွေးသော လုပ်ငန်းစဉ်များကို ဖြေရှင်းပေးနိုင်ခြင်း
နိုင်ငံခြားသားနေထိုင်ခွင့် အနေဖြင့် 「Tokuteginou」ကို အသစ်ပြဌာန်းထားပါသည်။ ဥပဒေအရ ပြောင်းလဲလွယ်ပြီး လျှောက်ထားရာမှာလည်း ရှုပ်ထွေးလာပါသည်။ JAPARECတွင် သင့်ကုမ္ပဏီမှ ရှာဖွေနေသော ဝန်ထမ်းကို အကိုက်ညီဆုံး တွဲဖက်ပေးပြီး လူတွေ့မေးမြန်းမှုအတွက် စီစဉ်ပေးရုံသာမက ခန့်အပ်ပြီးနောက် နေထိုင်ခွင့် (ဗီဇာ) ရရှိရန် အတွက်ပါ ရှုပ်ထွေးလှသော လုပ်ငန်းစဉ်အတွက် ကျွမ်းကျင်ဝန်ထမ်းများမှ နိုင်ငံခြားသား ဝန်ထမ်းခန့်ထားရေးနှင့်ပတ်သက်သော အခက်အခဲများကို ဖြေရှင်းပေးနေပါသည်။

၄။ လူတွေ့မေးမြန်းမှုအတွက်သာမက လုပ်ငန်းခွင်ဝင်ပြီးနောက် After Follow Up အထိ အဆင့်တိုင်းကို ဆောင်ရွက်ပေးခြင်း
သာမန် အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်များတွင် ကုမ္ပဏီသတင်းအချက်အလက် တင်ထားရုံသာ ဖြစ်သော်လည်း 「JAPAREC」မှာတော့ လူတွေ့မေးမြန်းမှုအတွက် စီစဉ်ပေးခြင်းနှင့် လုပ်ငန်းခွင်ဝင်ပြီးနောက် After Follow Up ကိုလည်း ဆောင်ရွက်ပေးနေပါသည်။

၅။ အလုပ်လျှောက်ထားသူ၏ ဂျပန်ဘာသာ အရည်အချင်းကို သိရှိနိုင်ခြင်း
အလုပ်လျှောက်ထားသူသည် JAPAREC ဂျပန်ဘာသာကျောင်း၏ E-Learning (ဂျပန်ဆရာများ၏ ကြီးကြပ်လမ်းညွှန်မှု)ဖြင့် 「ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲJLPTဖြေဆိုနိုင်ရန် ဂျပန်ဘာသာလေ့လာခြင်း」 「ဂျပန်နိုင်ငံ၏ နေထိုင်မှုဓလေ့စရိုက်」 「နည်းပညာစာမေးပွဲအတွက်လေ့ကျင့်ပေးခြင်း」 「သူနာပြုအသိပညာသင်ယူမှု」စသော အမျိုးအစား ၄မျိုး နှင့်ပတ်သက်ပြီး နေ့စဉ် Skill Up ဖြစ်အောင် သင်ကြားပေးနေပါသည်။ကိုယ်ရေးအချက်အလက် စာမျက်နှာမှ အသီးသီးသော သင်ကြားရေး အခြေအနေနှင့် ရလဒ်များကို စစ်ဆေးနိုင်ပြီး အလုပ်ခန့်ရန်အတွက် စဉ်းစားသည့်အခါတွင် အထောက်အကူပြုနိုင်သည့် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်ပါသည်။

ဂျပန်ဘာသာ အရည်အချင်းတိုးတက်ခြင်းဖြင့် ပိုမိုကျယ်ပြန့်သော အနာဂတ်ဆီသို့!

Future possibilities expanded by improving Japanese skills.

ဂျပန်တွင် အလုပ်လုပ်လိုသော်လည်း ရှာရမည့်နည်းလမ်းကို မသိပါ။အလုပ်လုပ်ရင်း ဂျပန်ဘာသာ လေ့လာရတာ အခက်အခဲဖြစ်။ဒီလိုစိတ်ပူစရာတွေ ကြုံတွေ့နေရပါသလား?ဒီ「JAPAREC」မှာတော့ အလုပ်ရှာသူနှင့် ဝန်ထမ်းရှာသူတို့၏ အချက်အလက်များကို ကိုက်ညီပေးနိုင်သည့် စနစ်ရှိပါသည်။ထို့ပြင် ဂျပန်ဘာသာ အခမဲ့သင်ကြားခွင့် E-Learning ကို အသုံးပြုနိုင်ပါသည်။အချိန်ပိုင်းအလုပ်မဟုတ်ဘဲ အများစုသည် အချိန်ပြည့်ဝန်ထမ်းအဖြစ် တိုက်ရိုက်ခန့်ထားမည့် လုပ်ငန်းများ ဖြစ်သည့်အတွက် စိတ်ချယုံကြည်စွာဖြင့် အလုပ်ပြောင်းခြင်း၊ အလုပ်ရှာခြင်းကို ဆောင်ရွက်နိုင်ပါသည်။ပြည်တွင်း၊ ပြည်ပရှိ ဂျပန်ကုမ္ပဏီ များတွင် အလုပ်လုပ်ချင်သော နိုင်ငံခြားသားများအတွက် အလုပ်အကိုင်ရှာဖွေရေး သတင်းအချက်အလက် ဝက်ဘ်ဆိုက် ဖြစ်ပါသည်။မိခင်ဘာသာဖြစ်သော တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဗီယက်နမ်ဘာသာ၊ အင်ဒိုနီးရှားဘာသာ၊ မြန်မာဘာသာ၊ ထိုင်းဘာသာ၊ ခမာ(ကမ္ဘောဒီးယားဘာသာ)၊ မွန်ဂိုဘာသာ၊ ဟိန္ဒူဘာသာ(အိန္ဒိယ)၊ တဂါးလော့ဂ်(ဖိလစ်ပိုင်ဘာသာ) နှင့် ဂျပန်ဘာသာ တို့၏ ဘာသာစကားစွမ်းရည်ကို အသုံးချနိုင်သည့် လူသားအရင်းအမြစ်များ ရှိနေပါသည်။「နိုင်ငံခြားလူမျိုး သင့်ကို လိုအပ်နေပါတယ်」လို့ဆိုတဲ့ ဝန်ထမ်းရှာဖွေရေး အချက်အလက်များ တင်ပြထားပါသည်။

JAPAREC ကို အသုံးပြုသော အလုပ်ရှာဖွေသူများအတွက် အားသားချက်

၁။ ဂျပန်ဘာသာကို အခမဲ့ လေ့လာနိုင်ခြင်း
JAPARECတွင် ဂျပန်ဘာသာ အခမဲ့သင်ကြားခွင့် E-Learning ဝန်ဆောင်မှု ရှိပါသည်။ အလုပ်လုပ်ရင်း စာလေ့လာပြီး အရည်အချင်းတိုးတက်အောင် လုပ်ရခြင်းသည် ခက်ခဲသော ကိစ္စဖြစ်သည်။ E-Learning ဖြင့် ဂျပန်ဘာသာ သာမက နေထိုင်မှု ဓလေ့စရိုက် နှင့် နည်းပညာစာမေးပွဲ အတွက်ပါ ပံ့ပိုးပေးလျက်ရှိပါသည်။
JAPARECတွင် မှတ်ပုံတင်လျှင် အွန်လိုင်းဖြင့် နှစ်သက်ရာအချိန် နှစ်သက်ရာ နေရာတွင် ဂျပန်ဘာသာကို လေ့လာနိုင်။「ဂျပန်ဘာသာလေ့လာရေးE-Learning」ကို အခမဲ့ အသုံးပြုနိုင်ပါသည်!ဂျပန်ဆရာများမှ ကြီးကြပ်လမ်းညွှန်ထားသော လေ့ကျင့်ရေး သင်ရိုးညွှန်တမ်းများရှိပြီး ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ JLPT နှင့် နည်းပညာစာမေးပွဲများအတွက်လည်း မေးခွန်းများကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်ပါသည်။
အတိုင်းအတာတခုအထိ လေ့လာပြီးနောက် 「ပြန်လည်စစ်ဆေးခြင်း」ကို ပြုလုပ်နိုင်သည်။ရလဒ်ကိုလည်း ဖော်ပြထားသည့်အတွက် စာမေးပွဲအတွက် အခက်အခဲများကို ကျော်လွှားရာတွင် အသုံးချနိုင်ပါသည်။「ရလဒ်စစ်ဆေးခြင်း」တွင် သင်ယူမှု တိုးတက်လာခြင်းနှင့် စစ်ဆေးမှု ရမှတ်များကို ကြည့်ရှု့နိုင်ပါသည်။လက်ကိုင်ဖုန်းနှင့် ကွန်ပြူတာမှ တဆင့် နေ့စဉ် ကြိုးစား သင်ယူနိုင်ပါသည်။
လက်ရှိ ဂျပန်လုပ်ငန်းများသည် ပြည်ပ သို့မဟုတ် ဂျပန်တွင် နေထိုင်ကြသော ပညာတော်သင်များ၊ ထရိန်အနေဖြင့် ထူးချွန်သော လူသားအရင်းအမြစ်ကို ရှာဖွေလျက်ရှိပါသည်။JAPARECတွင် E-Learning၏ ရလဒ်ကို အလိုအလျောက် လုပ်ငန်းရှင်ထံမှ အသိအမှတ်ပြုမှု ရယူနိုင်သည့်အတွက် Skill Up ဖြစ်နေသော သင်နှင့် လုပ်ငန်းကို ကိုက်ညီစေပြီး မိခင်ဘာသာနှင့် ဂျပန်ဘာသာကို အသုံးပြုနိုင်သော အလုပ်ကို ရှာတွေ့နိုင်မည်ဖြစ်သည်!အလုပ်မရှာဖွေသော်လည်း ဂျပန်ဘာသာ လေ့ကျင့်ချင်သူများလည်း အသုံးပြုနိုင်ပါသည်။

၂။ မှတ်ပုံတင် နှင့် အလုပ်ဝင်ခွင့် သည်လည်း လုံးဝ အခမဲ့ !
ဂျပန်လုပ်ငန်းများသည် ပြည်ပ သို့မဟုတ် ဂျပန်တွင် နေထိုင်ကြသော ပညာတော်သင်များ၊ ထရိန်အနေဖြင့် ထူးချွန်သော လူသားအရင်းအမြစ်ကို ရှာဖွေလျက်ရှိပါသည်။ ထိုကဲ့သို့ အခြေအနေနှစ်ခုစလုံးကို ကိုက်ညီအောင် ဆောင်ရွက်ပေးနိုင်တဲ့ စနစ်ကို JAPAREC မှ လုပ်ဆောင် ပေးနေတာပါသည်။အဖွဲ့ဝင်ဖြစ်ခွင့် မှတ်ပုံတင်ခ အခမဲ့ ဖြင့် 「JAPAREC」ကို အသုံးပြုနိုင်ပါသည်။

၃။ စိတ်ချရမှု၊ ပြီးပြည့်စုံမှု ကို ပံ့ပိုးပေးနေသောစနစ်
အတွေ့အကြုံ ပြည့်ဝသော ဝန်ထမ်းများမှ မိခင်ဘာသာဖြင့် လူတွေ့စစ်ဆေးခြင်းများ၊ လုပ်ငန်းခွင် ဝင်ပြီးနောက် နေထိုင်ခွင့် (ဗီဇာ) လျောက်ထားရန်အတွက်လည်း အကူအညီများ ပေးနေပါသည်။Aichi Ken, Tokyo, Hokkaido, Fukuoka Ken, Okayama Ken, Osaka, Okinawa စသော တနိုင်ငံလုံးရှိ ရုံးခွဲများမှ ကူညီပေးလျက် ရှိပါသည်။မိခင်တိုင်းပြည်တွင် လုပ်ငန်းခွင်ဝင်ချင်သော သူများနှင့် ဂျပန်တွင် လုပ်ငန်းခွင်ဝင်လိုသောသူများ စသော အနာဂတ်အိပ်မက်တို့ မတူညီနိုင်ကြပါ။ဆန္ဒနှင့် ကိုက်ညီမည့် လူတွေ့စစ်ဆေးမှု လမ်းညွှန်ချက်များကို ပြုလုပ်ပေးပါမည်။အလုပ်လုပ်မည့် ပုံစံပေါ်မူတည်၍လည်း လိုအပ်သော အရည်အချင်းများ မတူညီနိုင်ပါ။သင့်ထံတွင် လိုအပ်နေသော အရည်အချင်းကို ရရှိစေရန် အမျိုးမျိုးသော ပံ့ပိုးမှုများကို မိခင်ဘာသာဖြင့် ဆွေးနွေးနိုင်သည့်အတွက် စိတ်ချယုံကြည်နိုင်ပါသည်။
မိခင်ဘာသာစကား။ ။ တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဗီယက်နမ်ဘာသာ၊ အင်ဒိုနီးရှားဘာသာ၊ မြန်မာဘာသာ၊ ထိုင်းဘာသာ၊ ခမာ(ကမ္ဘောဒီးယားဘာသာ)၊ မွန်ဂိုဘာသာ

Partners

အလုပ်သမား သမ္မဂ္ဂအဖွဲ့ဝင် လုပ်ငန်းများ

GTSသမဝါယမအသင်းဝင်လုပ်ငန်းများသည် Technical ထရိန်နင်ဖြင့် ခန့်အပ်ထားသော ဝန်ထမ်း၏ ဂျပန်သို့မလာမီ ရလဒ် နှင့် ဂျပန်သို့ရောက်ပြီး ၁လကြာ သင်တန်းရလဒ် တို့ကို ကြည့်ရှုနိုင်သည်။

မိတ်ဖက် လုပ်ငန်းများ

ARMS Co., Ltd. နှင့်စာချုပ်ထားသောကုမ္ပဏီများအတွက်ဤနေရာတွင်နှိပ်ပါ။

Commercial

ဒါဟာသြဂုတ်လ 2020 ခုနှစ်တွင် NBN အပေါ်ထုတ်လွှင့ခဲ့သည်။